Online ငွေပင်စိုက်နည်း (PTC)
ကျွန်တော် လွန်ခဲ့တဲ့ တစ်နှစ်လောက်က PTC(paid to click) ကို အသည်းအသန် လုပ်ခဲ့ဘူးတယ်။ (PTC ဆိုတာ ကြေငြာတွေ ကြည့်ပြီး ငွေရှာရတဲ့ Online ငွေရှာနည်း တစ်မျိုးပါ။ )အရမ်းကြီးမအောင်မြင်ခဲ့ပေမဲ့ သူ့ဟာနဲ့သူတော့ အဆင်ပြေခဲ့ပါတယ်။အခုတော့ Ptc နဲ့ ပါက်သက်ပြီး မလုပ်ဖြစ်တော့ပါဘူး ဘာလို့လည်းဆိုတော့ PTC ကကျွန်တော့အတွက် အချိန်အများကြီးပေးရလို့ပါ။ဒါပေမဲ့ တစ်ချိန်က PTC ဆိုတာ ကျွန်တော်တို့ Online ငွေရှာလောကရဲ့ ရွေခေတ်ဖြစ်ခဲ့ဘူးတယ်။ကျွန်တော်ကိုယ်တိုင်လည်း PTC ကြောင့် Online ငွေရှာလောကကို ရောက်လာခဲ့တာပါ။ခုလို Online မှာငွေရှာရင်းနဲ့
ရပ်တည်နိုင်ခဲ့တာက သူ့ရဲ့ တွန်းအားတွေကြောင့်ဆိုရင် မမှားပါဘူး။ခုချိန်မှာ Online မှာ ငွေရှာချင်လို့ လမ်းပြပေးပါလို့ ပြောရင် Trading,MMM တို့ Bitcoin Mining တို့ကိုပဲ ညွန်းမိမှာပါ။ဒါပေမဲ့ တစ်ချို့ကတော့ PTC အကြောင်းကို သိချင်လို့ပါလို့ လာမေးတဲ့ အတွက် အရင်းအနှီးမလို ဘဲအင်တာနက်တွင်ငွေ ပင်စိုက်နည်း ဆိုတဲ့ ကိုဝင်းကို ရဲ့ စာအုပ်ကို တင်ပေးလိုက်ပါတယ်နော်။ကိုဝင်းကို ကို ဒီနေရာကနေပဲ ကန်တော့လိုက်ပါတယ်။အစ်ကိုစာအုပ်တွေက ကျွန်တော့ကို Online ငွေရှာလောကထဲကို ဆွဲခေါ်ခဲ့တဲ့
အတွက်ပါ။
အရင်းနှီးမလိုပဲ အင်တာနက်တွင် ငွေရှာနည်း စာအုပ်-၁
အရင်းနှီးမလိုပဲ အင်တာနက်တွင် ငွေရှာနည်း စာအုပ်-၂
Online ငွေပင်စိုက်နည်း (PTC)
Reviewed by Kyaw Zin Thet
on
1:49 PM
Rating:
Reviewed by Kyaw Zin Thet
on
1:49 PM
Rating:

အကို အကြံပေးရင်ရော online ငွေရှာနည်းတွေထဲမှာ စပြီးလေ့လာတဲ့ သူတွေအတွက်ဘယ်နည်းကို အကြံပေးမလဲဗျ
ReplyDeleteဒေါင်းမရပါလား
ReplyDelete